Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, April 15, 2013

“မေခလာသိန်း(သမီး) အထည်ဆိုင်နှင့် ဗုဒ္ဓစေတီရုပ်ပုံတော်”

“မေခလာသိန်း(သမီး) အထည်ဆိုင်နှင့် ဗုဒ္ဓစေတီရုပ်ပုံတော်”

by Wira Thu (Notes) on Monday, April 15, 2013 at 11:10pm



          11.4.2013-ရက်နေ့ကဖြစ်ပါတယ်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာ မေခလာသိန်း (သမီး) အမည်ရတဲ့ အထည်ဆိုင်သို့ သာကေတမြို့နယ်၊NLD-ပါတီဝင် မဥမ္မာက ယောဂီထမီလာဝယ် ပါတယ်။
ယောဂီထမီအတွက်အထည်တွေ ရွေးနေစဉ်မှာ ဆိုင်ရှင်အမျိုးသမီးက “ဒီလိုအဆင်တွေလည်း ရှိတယ်”ဆိုပြီး အထည်စကိုကိုင်ပြပါတယ်။ မဥမ္မာက ကြည့်လိုက်တာနှင့် တန်းသိပါတယ်။ စေတီပုံက ထင်ထင်ရှားရှားကြီးဖြစ်နေတာကိုး။ ဒါနဲ့ ၃၅၀၀ိ/ဖြင့် တစ်ထည်ဝယ်လိုက်ပါတယ်။
          မင်္ဂလာတောင်ညွန့်-ဈေးသို့မဥမ္မာတစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ ကိုကျော်ကျော်၊ ကိုအောင်ငြိမ်းကျော်နှင့် အခြားလူငယ်တွေလည်းပါပါတယ်။မဥမ္မာက ယောဂီထမီသွားဝယ်တာဖြစ်လို့ တစ်နေရာမှာ စောင့်ကျန်နေခဲ့တာပါ။ မဥမ္မာက စေတီပုံပါတဲ့အထည်စကိုခေါက်ပြီး ကိုအောင်ငြိမ်း ကျော်တို့ဆီ အပြေးသွားပါတယ်။ ကိုအောင်ငြိမ်းကျော်တို့ကြည့်ပြီးတာနဲ့ မေခလာသိန်း(သမီး) ဆိုင်ကို တန်းသွားပါတယ်။

Thursday, March 28, 2013

မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက်လာမည့်ပညာ
သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်း တိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။


"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။ ဒေသအားလုံးမှာ မူပြ
ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်းသွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို
ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ်သွားပါမယ်" ဟု
ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောကြားသည်။
သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံ
ပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊
ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။


မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား
ဝန်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူ
ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ
ကြေညာခဲ့သည်။

မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်
ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ
ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃
ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ်
အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်
သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး
သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ
ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန်
ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေ
ဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည်
ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ
အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောသည်။

"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက်သင့်
တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။
ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟု
ဦးကိုကိုတင်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး ၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး
ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်
တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု
ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်း
ခြေငွေစာရင်းအရ သိရသည်။

သတင်း- မြန်မာတိုင်းမ်

Wednesday, October 17, 2012

နိုင်ငံတော်သမ္မတကြီး၏ ဘ၀ပုံရိပ်များ

သမ္မတကြီးဦးသိန်းစိန် ငယ်စဉ်ကလေးဘ၀က သင်္ဘောပေါ်တွင်အမှတ်တရ
သမ္မတကြီးဦးသိန်းစိန်၏ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှ နေအိမ်

သမ္မတကြီးအခြေခံလောကီလောကုတ္တရာစာပေသင်ယူခဲ့ရာ တိုင်တစ်ရာကျောင်း(ယခု  ဓမ္မပါလကျောင်း)

သမ္မတကြီးနှင့်  ဒေါ်ခင်ခင်ဝင်းတို့ မင်္ဂလာဆောင်စဉ်က အမှတ်တရ

Friday, October 12, 2012

ဂျီအက်စ်အမ် ၅၁xxxx ဖုန်းများ ငွေဖြတ်ခံခဲ့ရမှု

အလိုအလျောက် ငွေဖြတ်ခံရသော ပြဿနာဖြေရှင်းပေးနေပြီဟုဆို
မြန်မာ့ဆက်သွယ်ရေး၏ Server Error ကြောင့် ဂျီအက်(စ်)အမ်မိုဘိုင်းဖုန်း သုံးစွဲသူများ ကြုံတွေ့ခဲ့ကြရသော
ဖုန်းလက်ကျန်ငွေပမာဏထဲမှ  ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရသည့် ပြဿနာကို
ပြန်လည်ဖြေရှင်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သတင်းရရှိသည်။
ယင်းဖြစ်စဉ်မှာ ၀၉ ၅၁ xxxxx ဖြင့်စသော ဂျီအက်(စ်)အမ်ဖုန်းများတွင်
ယခုလ ၉ ရက်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဖုန်းများသို့ My Ringtune စနစ်ကို
ဝန်ဆောင်မှုပေးသော ကုမ္ပဏီဘက်မှ ပေးပို့သည့် စာတိုတစ်စောင် ဝင်ရောက်လာခဲ့ပြီးနောက်တွင်
ဖုန်းလက်ကျန်ငွေပမာဏထဲမှ ငွေကျပ်နှစ်ထောင်ကျော်စီ အနုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။
“ကျွန်တော်တို့ဖုန်းတွေထဲကို သူတို့ရဲ့မိုင်ရင်းကျွန်းဝန်ဆောင်မှုကို သုံးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး
စာတစ်စောင်ဝင်လာတယ်။ ကျွန်တော့်ဖုန်းကို အဲ့ဒီဝန်ဆောင်မှုမထည့်ထားဘဲ အဲ့ဒီစာရောက်လာတာ။
နောက်တော့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းခေါ်ကြည့်တာမှာ ဖုန်းကခေါ်မရတာနဲ့ မသင်္ကာလို့ လက်ကျန်ငွေကို
ပြန်စစ်လိုက်တော့ နှစ်ထောင်ကျော် အဖြတ်ခံထားရတယ်။ ဒါက မမှားသင့်ဘူးလို့ ထင်တယ်”ဟု
ဖုန်းထဲမှလက်ကျန်ငွေ အနုတ်ခံလိုက်ရသည့် အဆိုပါ ဖုန်းကိုင်ဆောင်သူတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြရသည့် အဆိုပါ နံပါတ်ကိုင်ဆောင်သူများသည်
ယင်း My Ringtune ကုမ္ပဏီဘက်သို့ ဖုန်းခေါ်ဆိုမှုများ တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း
ဆက်သွယ်မှု လုံးဝမရခဲ့ဟု ၄င်းတို့က ဆိုသည်။
My Ringtune ကုမ္ပဏီဘက်မူ ယင်းအဖြစ်အပျက်သည် မြန်မာ့ ဆက်သွယ်ရေးဘက်မှ
နည်းစနစ်လွဲချော်မှုကြောင့်သာဖြစ်ပြီး ဖုန်းထဲမှ  ငွေနုတ်ယူခံခဲ့ရသူများကိုလည်း
ပြန်လည်ဖြည့်သွင်းပေးပြီး ဖြစ်သည် ဟုဆိုသည်။
အဆိုပါကိစ္စသည် မြန်မာ့ဆက်သွယ်ရေးဘက်မှ server error ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး
ဖြစ်ပွားပြီးသည်နှင့် မကျေနပ်သည့်ဖုန်းများ တောက်လျှောက်ဝင်ရောက်ခဲ့ကြောင်း
ရတနာပုံတယ်လီဖုန်းစင်တာ၏ မြန်မာ့ဆက်သွယ်ရေးဌာနမှ ဖြေကြားသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီး ယနေ့နံနက်တွင် ငွေနုတ်ယူခံခဲ့ရသည့် မိုဘိုင်းဖုန်းများထဲသို့
တောင်းပန်သည့် စာတစ်စောင် ပြန်လည်ဝင်ရောက်ခဲ့ပြီး နုတ်ယူခံခဲ့ရသည့် ငွေပမာဏကို
ပြန်လည်ဖြည့်သွင်းပေးမည်ဖြစ်ကြောင်းပါရှိသည်။
My Ringtune စနစ်ဆိုသည်မှာ ဖုန်းခေါ်ဆိုသည့်အခါတွင် ဖုန်းဝင်သည့် အော်တိုမြည်သံနေရာဖြစ်သော “တီ တီ တီ” ဆိုသည့်
အသံနေရာတွင် တစ်ဖက်ဖုန်းခေါ်ဆိုသူဘက်မှ နားဆင်နိုင်မည့် သီချင်းများကို ထည့်သွင်းနိုင်သည့် စနစ်တစ်ခုဖြစ်သည်။
http://www.facebook.com/7daynews/posts/425482747513365
မြန်မာ့ ဆက်သွယ်ရေးက မှားလိုက်ရင် သူတို့ ဖက်က အသာချည်းပဲ။
တစ်ခါမှ ပြည်သူတွေဖက်က အသာရတဲ့အမှားမရှိဘူး။
မြန်မာ့ဆက်သွယ်ရေးရဲ့ Server က  “လိပ် Server” ပဲ။

မြန်မာ့ဆက်သွယ်ရေးရဲ့ ပညာရှင်တွေက အရမ်းတော်တယ်။
မြန်မာ့ဆက်သွယ်ရေးဘက်ရဲ့ server error ကြောင့်လို့ ပြောနိုင်တာ သူတို့ တော်လို့ ပေါ့။
Server Error ကြောင့်လို့ ပြောတာ အကြိမ်မနည်းတော့ဘူးနော်။