Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, October 26, 2012
Wednesday, October 17, 2012
ဆရာ (သို့) အိုးထိန်းသည်
ဆရာ (သို့) အိုးထိန်းသည်
အိုးထိန်းသည်ကအိုးကိုကွယ်
ကြိမ်ဖန်များစွာပုတ်လို့ရယ်
ကွဲဖို့မရည်ရွယ်
သူ့စိတ်ဝယ် နှလုံးသွင်း
လှပစေဖို့ပုတ်ခတ်ခြင်း
ဆရာ့ကျောင်းတွင် ပညာရှာ
တပည့် တို့တစ်တွေဟာ
သင်ဆရာရိုက်ပါလည်း
လိမ္မာစေဖို့ပဲ
ဆရာတိုင်း၏ မေတ္တာတွင်
ပညာသင် တို့တစ်တွေများ
ဆရာတွေကို အစဉ်လေးစား။
ဆရာတိုင်း၏မေတ္တာကိုခံယူနိုင်ကြပြီး
ဆရာများအပေါ်တွင် ထာဝရလေးစားသော
တပည့်ကောင်းတပည့်မွန်လေးများဖြစ်နိုင်ကြပါစေ…။
Saturday, October 13, 2012
ဆရာတော်သို့ ပူဇော်ကဗျာ
ဘ၀ဂ်လျှံစေ ဓမ္မသံဝေ
(ရှစ်ဆယ်ပေါ်တေးထပ်)
မာဂဓီ-သာစည် ထေရာက၀ိ
ပြည်ရွာအသိ ဘုန်းတေဇာ
ဖွေရှာအသိဖြင့် ပြုံးစေတနာသည်
နှုန်းနေပမာ တောက်ကြွား
မမောက်ကြွားပါတဲ့ တို့ထေရ်ဆရာသည်
နန်းအမတာ နိဗ္ဗူသို့လား ... ။
ယဉ်ကျေးမှုဖြင့် အစပျိုးပါသည်
နှစ်ဆတိုးပါစေ အလိမ္မာတန်ခိုးတွေနဲ့
ဘယာမျိုးမှာအတည် ရှောင်ခွာတိမ်းစေဖို့
ထေရ်ဆရာက၀ိက တွေးဆရည်ရော်ကာ
ပြည်မြန်မာ ဗုဒ္ဓယဉ်ကျေးမှုသမိုင်းမှာဖြင့်
အစဉ်သာတွေးရှု ထမ်းရွက်ဆောင်လာ ... ။
အလိမ္မာလမ်းဖြင့် တပည့်တပန်းတွေသည်
မချိနွမ်းစေမည် ဖွေရည်ပြပါလို့
ထေရ်ဆရာက၀ိက ဟောမိန့်မှာခြွေ
တရား ဓမ္မသံဝေ ...။
တပည့်ဒကာအပေါင်းတို့လိမ္မာစေချင်
တို့ထေရ်အရှင် သင်ကြားလာခဲ့လေး ...။
ယဉ်ကျေးမှုဖြင့် ဓမ္မပန်းဝေမည်
ဘ၀လမ်းအထွေထွေ ဖြောင့်တန်းနိုင်ကြလေး ...။
ဆရာတော်ဘုရား၏ ဓမ္မသံဝေသည်
ဘ၀ဂ်လျှံစေ ဆုတောင်းပါရဲ့လေး ...။
အရှင် နေမိန္ဒ
(မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)ဒါ တို့မြို့
သစ်ပင်ရိပ်တွေနဲ့ စည်းရိုးခတ်
လယ်ကွင်းပြင်စိမ်းစိမ်းတွေ ရစ်ပတ်လို့
စပါးပင်တွေနဲ့ အနားသတ်ထားတဲ့မြို့ ။
စိတ်လိုရင် ပါးချိုင့်ခွက်ပေါ်အောင်ပြုံး
စိတ်မလိုရင် ရင်ဘတ်ကို တ၀ုန်းဝုန်းဆော်
ကားသံ ရထားသံတွေ အော်နေတတ်တဲ့မြို့ ။
ရှမ်းရိုးမတောင်တန်းတွေကို နောက်ခံ
ပန်းချီကာတစ်ချပ်ကို လှန်လိုက်သလို
ပင်ကိုယ်စရိုက်ကိုက တည်ငြိမ်လှတဲ့မြို့ ။
အစိမ်းရောင် ကော်ဇောအထက်မှာ
လွမ်းမောဖွယ် အိပ်မက်ထောင်သောင်းနဲ့
ပေါင်းစည်းကာ ဆုပ်ဖမ်း
ညို့ယူငင်စွမ်းနိုင်တဲ့မြို့ ။
ဈေးသည် ဈေးဝယ်က အစ
အရာထမ်းနဲ့ အမှုထမ်းတွေစုံ
ကုန်သည်နှင့် မြို့နေလူ
တောင်သူနဲ့ ယာလုပ်
ဓါးမခုတ်ပါမကျန်
ပျားပန်းခတ်တမျှ လှုပ်နေတတ်တဲ့ မြို့ ။
သည်မြို့နဲ့ သည်အနေ
သည်အခြေနဲ့ သည်ရပ်ဝန်း
ငါကွန်းခိုခဲ့ပေါ့။
သူငယ်ချင်း
အညာခွင်တစ်ခေါက်
သာစည်ကိုရောက်ခဲ့ရင်
မြို့အ၀င်တမ်းချင်းတစ်ပုဒ်
မင်းထုတ်ဆိုဖြစ်ခဲ့မှာ
အသေအချာပါပဲ ။ ။
နေနေနိုင်သူ
Tuesday, October 9, 2012
ရှေ့ဆက်လို့သာ ချီတက်ပါ
အရောင်အသွေး ၊ မပြောင်သေးခင်
ကလေးကလှောင် ၊ ခွေးကဟောင်မည်
အမောင်သည့်တွက် ၊ စိတ်မပျက်နှင့်
ရှေ့ဆက်လို့သာ ၊ ချီတက်ပါ။ ။
Subscribe to:
Comments (Atom)